Love like the Galaxy (2022) တုန်းက အမျိုးသမီးတို့အားလုံး
သနားချစ်နဲ့ ချစ်ခဲ့တဲ့ ခွေးပေါက်လေး Lou Yao ကို အခုတစ်ခါမှတော့
အေးစက်စက် ရေခဲတုံးကြီးအဖြစ်တွေ့ရမှာပါနော်…ဟုတ်ပါတယ်…
သစ်သားတုံးကြီးရဲ့ ရေခဲတုံးနှလုံးသားလေးကို ဘယ်လိုအရည်ပျော်အောင်လုပ်ရမယ်ဆိုတာ
သိချင်တဲ့သူတွေ အကွက်ဆန်းတွေ လေ့လာနိုင်ဖို့အတွက် city of the romance
ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်နော်…
ဒီလို ကြိုးစားတဲ့ ပိုင်ရှောင်သော်ဆိုတဲ့ တက္ကသိုလ်ကျောင်းသူလေးကဆိုရင်တော့
သူ့ရဲ့ မူသိမ်ငယ်စိတ်ကြောင့် အမြဲမုသားစကားတွေနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်တတ်တဲ့ အကျင့်ရှိတယ်…
ဇာတ်လမ်းလေးအစကတော့ တက္ကသိုလ်တွင်း ရုပ်ပြကာတွန်းကလပ်အသင်းမှာ
အခက်အခဲတွေကြုံနေချိန် အဖွဲ့သားမရှိလို့ အသင်းကို ဖျက်စီးမယ်ဆိုချိန်မှာ
နာမည်ကြီး ရုပ်ပြကာတွန်းရေးဆရာ ဘလိတ်ခ်(ခ) ဘလက်ခ်ရဲ့ လက်ထောက်ပါဆိုပြီး
ပိုင်ရှောင်သော်က ကောက်လိမ်ခဲ့ပါလေရော အဲ့မှာ မတော်မဆဆုံတာကတော့ စူးယန်ချန်ပါပဲ…
တိုက်တိုက်ဆိုင်ဆိုင်ပဲ စိတ်ပညာ တတိယနှစ် ၊ လူတွေနဲ့ အဆက်အဆံမလုပ်ချင်အောင်
အေးစက်လွန်းတဲ့ ရေခဲတုံး သစ်သားတုံးကြီး စူးယန်ချန်က အသက်ပြည့်ပြီးသူတို့ရဲ့
လိမ်ညာခြင်းနဲ့ အကျင့်စရိုက်ကို သုသေတနလုပ်ဖို့ဖြစ်ရင်းနဲ့ ဒီလို ခေါင်းအစခြေအဆုံး
အလိမ်အညာတွေချည်းပြောတဲ့ ပိုင်ရှောင်သော်ကို သူ့စာတမ်းအတွက်
စမ်းသပ်သူအဖြစ် ရွေးခဲ့ပါတော့တယ်…
ရေစက်များဆုံချင်ပြန်တော့လည်း စူးယန်ချန်ဆိုတာက ပိုင်ရှောင်သော်ရဲ့ဘဝမှာ
အလင်းတန်းအဖြစ် ယူဆနိုင်တဲ့ ရုပ်ပြကားတွန်းရဲ့ ပဲကိုင်ရှင်
ဘလိတ်ခ် (ခ) ဘလက်ခ် ဖြစ်နေပါသေးတယ်…
ပထမအကြိမ်ဆုံတာက မတော်တဆ
ဒုတိယအကြိမ်ဆုံတာ တိုက်ဆိုင်တာ
တတိယအကြိမ်ဆုံတာ ရေစက်
စတုတ္ထအကြိမ်ဆုံတာ ဖူးစာဆိုသလိုပဲ…
သူတို့ဟာ ဖူးစာဆုံဖို့အတွက် ရုပ်ပြကာတွန်းကလပ်အသင်းမှာ
အတူတူ ဆုံပြီး ဒီကလပ်လေး မြဲဖို့ မပျက်စီးဖို့ အတူကြိုးစားဖို့ဖြစ်လာခဲ့ပါတယ်…
ဒီလိုမျိုး မတူကွဲပြားတဲ့ လူနှစ်ယောက်ကြားက ဆန့်ကျင်ဖက်ဆွဲငင်အားတွောကို
ဟာသလေးနှောပြီး တင်ဆက်ထားတာမို့ အပြန်အလှန် စိတ်အမှောင်ထုထဲက
ကုစားကယ်ထုတ်ပေးသွားတာလေးကို အတူတူ ကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်