Love You to Death (2025)
6.8
Price - 700Ks
မြန်မာစာတန်းထိုး
Episode 1 - 7
Memory – 4 GB
Runtime : 38 minutes
Video Format : 1080 P
Genres : Comedy Series, Drama Series,

Trailer

စပိန် Romance, Comedy စီးရီး Love You To Death ကတော့
Apple TV+ ကပြသနေတဲ့ဟာသစီးရီးသစ်တစ်ခုဖြစ်ပါတယ်။
ခေါင်းလေးနည်းနည်းမူးလို့ ဆရာဝန်သွားပြတဲ့ရာအူးလ်တစ်ယောက်
သူ့မှာနှလုံးကင်ဆာဖြစ်နေတာကိုသိလိုက်ရပြီး သုံးပတ်အတွင်း
ခွဲစိတ်မှုလုပ်ရင်တောင် အသက်ရှင်နိုင်ခြေက ၃၀ ရာခိုင်နှုန်းပဲရှိပါ
တော့တယ်။
ဒီလိုအခြေအနေမှာ ရည်းစားကပါပစ်သွားတာခံလိုက်ရတဲ့ရာအူးလ်ဟာ
အသေတတ်ဖို့အတွက်သာပြင်ဆင်နေခဲ့ရင်း စျာပနခန်းမတစ်ခုမှာ
ကျောင်းနေဖက်သူငယ်ချင်းမာတာနဲ့ ပြန်လည်တွေ့ဆုံခဲ့ပါတယ်။
မာတာဟာ လုပ်ငန်းခွင်မှာလူတော်တစ်ယောက်ဖြစ်ပေမယ့် ဘဝကို
ပေါ့ပေါ့တန်တန်တွေးပြီး ရည်းစားတွေအများကြီးနဲ့ပျော်သလိုသာ
နေတတ်သူပါ။ တစ်ရက်မှာတော့ ညီမဖြစ်သူရဲ့ကလေးကြိုဆိုပွဲသွားရင်း
သူ့မှာကိုယ်ဝန်ရှိနေတာကို မထင်မှတ်ဘဲသိလိုက်ရပါတယ်။
သူ့စရိုက်နဲ့ကလေးတစ်ယောက်ကိုတာဝန်ယူဖို့မဖြစ်နိုင်တာကြောင့်
မာတာဟာ ကလေးကိုဖျက်ချမယ်လို့ဆုံးဖြတ်ထားတုန်းမှာပဲ
ရာအူးလ်နဲ့တွေ့ဆုံခဲ့တာပါ။ ရာအူးလ်နဲ့မာတာဟာ ခဏတာသာယာမှု
အတွက် ချိန်းတွေ့ကြည့်ခဲ့ကြပေမယ့် တစ်ယောက်ဆီမှာတစ်ယောက်
တစ်ဘဝစာလေးနက်မှုတွေရှာတွေ့ကြပုံကို ဟာသနှောကြည့်ရှုခံစားရမှာ
ဖြစ်ပါတယ်။

Post
Verónica Echegui
Post
Joan Amargós Rubert
Post
Cristian Valencia
Post
Paula Malia
Post
Claudia Melo
Post
Julián Villagrán
Post
David Menéndez

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top