SAKAMOTO DAYS (2025)
7.5
Price - 2000Ks
မြန်မာစာတန်းထိုး
Episode 1 - 22
Memory – 10 GB
Runtime : 23 minutes
Video Format : 1080 P
Genres : Animation Series, Comedy Series, Action & Adventure Series,

Trailer

ဒီ Winter Season မှာ Solo Leveling S2 ပြီးရင် လူတွေအမျှော်လင့်နေကြဆုံးဖြစ်တဲ့ Anime ထွက်ရှိလာခဲ့ပါပြီ။

Manga မှာကတည်းက နာမည်ကျော်ပြီး Anime ကိုလည်း Dr Stone တို့ TMS Entertainment က ထုတ်ပြီး Netflix ပေါ် တင်ပြတာပဲ ဖြစ်ပါတယ်။

သူက ပထမတစ်ကျော့ကို ၁၁ ပိုင်း လွှင့်ပြီး နောက်တစ်ကျော့ကို ဂျူလိုင်လမှ ထပ်လွှင့်သွားမှာ ဖြစ်ပါတယ်။

Sakamoto ဆိုတဲ့ဘဲကြီးက မြေအောက်လောကမှာ ဆရာတစ်ဆူပါ။

ဂန္ဒဝင်တွင်ရတဲ့ ကြေးစားလူသတ်သမားကြီးတစ်ယောက်ပေါ့။

ဒါပေမဲ့ အချစ်စစ်နဲ့ တွေ့သွားတဲ့နောက် လူတွေလည်းမသတ်တော့ပဲ ကြေးစားဘဝကနေ စွန့်လွှတ်ပြီး မိသားစုဘဝလေးထူထောင် ဈေးရောင်းရင်း ဖတ်တီးပုတ်ကြီး ဖြစ်လို့နေပါပြီ။

လူသာဝတာပါ လက်ရည်ကတော့ တစ်စက်မှ မကျသေးတဲ့ ဝတုတ်ပေါ့ဗျာ။

အဲဒီမှာ Sakamoto ကို လေးစားအားကျပြီး သူများစိတ်ကို ဖတ်နိုင်တဲ့အစွမ်းရှိတဲ့ ဂိုဏ်းလူမိုက်လေး Shin ဆိုတာ ရှိပါတယ်။

သူက Sakamoto ကို အားကျနေပါတယ်ဆိုကာမှ သူ့ခေါင်းဆောင်က အဲဒီဖက်တီးက ဒီလောကထဲကနေ နုတ်ထွက်သွားတာကြောင့်

ဒီလိုမျိုး မရှိရဘူး သူ့ကိုသတ်ခဲ့ဆိုပြီး စေခိုင်းလိုက်တဲ့အချိန်ကနေ နောက်ထပ် ဘယ်လိုတွေဆက်ဖြစ်ရမလဲ ကြည့်ရမှာပဲ ဖြစ်ပါတယ်။

မင်းသားက ဝတုတ်ကြီးဆိုပေမဲ့ Action ခန်း အလန်းစားတွေကို မြင်ရမှာပါ။

ပြောရမယ်ဆို John Wick ကို ဂျပန်ကာတွန်းဖက်တီးဗားရှင်းပေါ့။

ဇာတ်လမ်းလေးက ပုံမှန်အတိုင်း သွားထားတယ်ဆိုပေမဲ့ နောက်ပိုင်းတွေ ဘာဆက်ဖြစ်လာမလဲ မျှော်လင့်ရပြီး တိုက်ခိုက်ခန်းတွေကတော့ ထူးခြားပြီး မိုက်ပါတယ်။

ဟာသလေးတွေလည်း ပါဝင်တာမို့ ကြည့်ပျော်ရှုပျော် ဖြစ်နေမှာ အမှန်ပဲ။ ခံစားလိုက်ကြပါဦး။

Post
Tomokazu Sugita
Post
Nobunaga Shimazaki
Post
Ayane Sakura
Post
Nao Tôyama
Post
Hina Kino
Post
Ryota Suzuki
Post
Natsuki Hanae
Post
Taku Yashiro
Post
Saori Hayami
Post
Hiroki Yasumoto
Post
Hochu Otsuka
Post
Daisuke Namikawa
Post
Nobuhiko Okamoto
Post
Yuhko Kaida
Post
Ryota Takeuchi
Post
Kohsuke Toriumi
Post
Chiaki Kobayashi
Post
Kazuyuki Okitsu
Post
Masaaki Mizunaka
Post
Yasuyuki Kase
Post
Yasuhiro Mamiya
Post
Yumi Uchiyama
Post
Hiroshi Tsuchida
Post
Setsuji Sato

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top