Light Beyond the Reed (2025)
8.2
Price - 1500Ks
မြန်မာစာတန်းထိုး
Episode 1 - 18
Memory – 12 GB
Runtime : 45 minutes
Video Format : 1080 P
Genres : Drama Series,

Trailer

Goodbye my princess(2019), Unrequited Love (2021), Rattan (2021), Heroes (2022), Fireworks of my heart (2023), Snowfall(2024)တို့ရဲ့ ပဲ့ကိုင်ရှင် လီမုကယ် ဒါရိုက်တာကြီးကတော့ ဒီကနေ့မှာ Light Beyond the Road ဆိုတဲ့ကားနဲ့ 2025 မှာလည်း မှတ်ကျောက်တင်ဖို့ရောက်လာပြန်ပါပြီ… 

ဒါတင်ဘယ်ကဦးမှာလဲ ဇာတ်လိုက်မင်းသားကလည်း Rattan(2021) မှာ ဆုံခဲ့တဲ့ Vin Zhang @ ကျန်းပင်းပင်းပါပဲ…  ဒီတော့ အမိုက်စားရိုက်ချက်တွေကို စောင့်ဖို့ပဲလိုတော့မယ်… 

ဇာတ်လိုက်မင်းသမီးလေးကလည်း မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ပုရိသတွေနှလုံးသားကို ဖမ်းစားထားတဲ့ ကြောင်မလေး မောင်ရှောင်ထုံပါပဲ… The Princess Wei Young (2016) ကားထဲက အပြစ်ကင်းတဲ့မျက်နှာလေးကြောင့် မုန်းဖို့ခက်ခဲ့ရတဲ့ လီချန်ရူလေးပေါ့… 

ဇာတ်လမ်းအကျဉ်းလေးဖက်ကိုလှည့်ရမယ်ဆိုရင်တော့… 
ယနေ့ခေတ်မှာ အဖြစ်များတဲ့ victim blame သဘောတရားကို အခြေခံ ရေးသားပုံဖော်ထားတဲ့ မော့ရူပိုင်သာသာရဲ့ အချိန်တိုတို ဘဝခါးခါး (ယွီရှန်းယိုယား)ပညာပေးကားလေးပေါ့… 

သာမန်အမျိုးသမီးတစ်ယောက်ဟာ သာမန်ဘဝလေးမှာ သာမန်အမျိုးသားတစ်ယောက်နဲ့ နှစ်ယောက်တစ်ဘဝတည်ထောင်ခဲ့တယ်…. 
နောက်တော့ သူတို့ နှစ်ယောက်အတူ သာမန်အိမ်ထောင်သည်ဘဝ တခြားသူတွေလိုပဲ ဘဝကို အေးအေးဆေးဆေးနေခဲ့ပေမယ့်… 

လောကဓံဆိုတဲ့ ဘဝဇာတ်ဆရာ ကတော့ ယဲ့စီပေ ကို ဇာတ်ညွှန်းပြောင်းကစေခဲ့ပါတယ်… 
ဘာဇာတ်ညွှန်းလဲဆိုရင် သာမန်မိန်းကလေးဘဝကနေ “အရက်သောက်လို့” “ဂါဝန်ဝတ်လို့” “အိမ်ထောင်သည်ဖြစ်ပြီး ပါတီတက်လို့” ဆိုတဲ့ စကားထိုးနှုက်ချက်တွေကြား ခေါင်းမဖော်နိုင်တဲ့ အပြစ်ရှိ မုဒိန်းကျင့်ခံခဲ့ရသူ မိန်းကလေးဘဝဆီ ပြောင်းသွားရတာပေါ့… 

“မတရားခံရတာပါ” လို့ ထုတ်ပြောမယ်ကြံတိုင်း ငါ့ယောက်ျားများ အထင်သေးသွားမလား… ငါ့ကိုထားသွားမလား… ငါပြောတာ သူယုံပါ့မလား ဆိုတဲ့ မေးခွန်းတွေကြောင့် သူ့မတရားခံရတာကို ထုတ်ပြောဖို့ကြိုးစားတဲ့ စကားလုံးတွေ ပြောမထွက်ခဲ့ရဘူး… 

ဒါပေမယ့်လည်း ဆင်သေကို ဆိတ်သားရေနှင့်ဖုံးမရဆိုသလို တစ်နေ့မှာ သူ့ယောက်ျား သိခဲ့ရပြီး…  
သူတွေးထားသလိုမဟုတ်ဘဲ သူ့လက်ကိုဆွဲပြီး ရဲတိုင်ကာ ကျူးလွန်သူ အပြစ်ပေးခံရသည်အထိ အတူရင်ဆိုင်ကျော်ဖြတ်မည်ဆိုတာကြောင့်… 

သူတို့လင်မယားနှစ်ယောက် တရားမျှတမှုကိုရှာရင်း ကြုံတွေ့ရတဲ့ အတွေးချိုချို ဘဝခါးခါး အကြောင်းလေးကို ရိုက်ကူးပုံဖော်ထားတာမလို့ ရသစုံလင် ရုပ်သံလွင်မှ ကြည့်ချင်တယ်ဆိုသူတွေနဲ့ ဆားပုလင်းနှင်းမောင်ရဲ့ ဆွေတော်မျိုးတော် စုံထောက်မောင်မယ်တို့ အကြိုက်တွေ့စေမယ့် ဇာတ်ကားလေးမလို့ အတူကြည့်ဖို့ ဖိတ်ခေါ်လ်ုက်ပါတယ်နော်…

Post
Vin Zhang
Post
Mao Xiaotong
Post
Liu Dan
Post
Shao Feng
Post
Simon Shi
Post
Yang Yuxi
Post
Yu Bin
Post
Lu Zhong
Post
Chen Yaxi
Post
Ma Xiaoqian
Post
Benson Wang
Post
Feng Xueya
Post
Fan Jinlun
Post
Wang Yichan
Post
Jian Yuxi
Post
Feng Hui

You must be logged in to post a comment.
Log In
Wishlist Menu Cart
Top