နိုင်ငံတကာကိုယ်စားလှယ်တပ်ဖွဲ့လို့ခေါ်တဲ့ မက္ကဆီကန်ရဲအရာရှိတွေနဲ့ ဖွဲ့စည်းထားတဲ့ အထူးတပ်ဖွဲ့ဟာ အမေရိကန်နိုင်ငံကနေ မက္ကဆီကိုကို ထွက်ပြေးတိမ်းရှောင်လာတဲ့
အမေရိကန်ရာဇဝတ်သား ဝရမ်းပြေးတွေကို ခြေရာခံဖမ်းဆီးကာ အမေရိကန်လက်ထဲ ပြန်အပ်ပေးရတဲ့ အသွင်ယူစစ်ဆင်ရေးတပ်ဖွဲ့ဖြစ်ပါတယ်။
နိုင်ငံခြားသားမုဆိုးအဖွဲ့လို့လည်း နာမည်ပြောင်ခေါ်ကြပါတယ်။ ဒီလိုနဲ့ စစ်ဆင်ရေးတစ်ခုမှာ သူတို့အဖွဲ့သားတစ်ယောက် အသတ်ခံလိုက်ရတဲ့အခါ သူတို့အဖွဲ့ဟာ လူသတ်သမားကို စုံစမ်းရှာဖွေဖို့ အကြောင်းဖန်လာပါတော့တယ်။
တစ်ဖက်မှာလည်း မြို့တော်ဝန်က တီဟွာနာမြို့ကို လက်စ်ဗီးဂတ်စ်လို လောင်းကစားနဲ့ အပန်းဖြေမြို့တော်အဖြစ် တည်ထောင်ချင်တဲ့အတွက်
အမေရိကန်စီးပွားဖက်တွေနဲ့အတူ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းလဲပြင်ဆင်ဖို့ ကြိုးပမ်းနေပါတယ်။
လူထုမေတ္တာကို ရရှိထားတဲ့ ဖာသာ မာဖီကလည်း သူ့အကျိုးစီးပွားတစ်ခုတည်းကိုပဲမြင်တဲ့ မြို့တော်ဝန်ဖက်မှာ ရပ်တည်လို့နေပါတယ်။
ဒီတော့ ဇာတ်အိမ်ကို သုံးဖက်သုံးတန်ကနေ အစပျိုးလာပြီး သူတို့အဖွဲ့သားကို သတ်သွားတဲ့တရားခံကို ဘယ်လိုလိုက်ရှာမလဲ၊
နိုင်ငံရေးလှည့်ကွက်တွေနဲ့ ဘယ်လိုပတ်သက်နေမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ ရာဇဝတ်ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။